MNL Myanmar 2012 For the League For the Nation

Title Sponsor



MNL Myanmar 2012 ပြိုင်ပွဲ၏ အဓိက စပွန်ဆာ Myanmar Brewery Co.Ltd

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအား ၂၀၀၉ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ပြိုင်ပွဲအထိ IBTC Grand Royal Co,Ltd အဓိက စပွန်ဆာအဖြစ် တာဝန်ယူကျင်းပခဲ့သည်။   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် IBTC သည်(၃)ရာသီသာ Title Sponsor အတွက် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ပြိုင်ပွဲ အတွက် ကိုမူ Myanmar Brewery ကတာဝန်ယူ ခဲ့ခြင်းဖြစ်သည်။ Myanmar Brewery အနေဖြင့် အဖွဲ့ချုပ်နှင့် ၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအထိ အဓိကစပွန်ဆာ အဖြစ်ပံ့ပိုးရန် သဘောတူ စာချုပ်ခဲ့ပြီးဖြစ်ရာ ပြိုင်ပွဲ၏ Title မှာလည်း ယခုနှစ်မှ စတင်၍ MNL
Myanmar 2012 ဟုခေါ်တွင်စေခဲ့သည်။



ဘောလုံးလောက နှင် စပွန်ဆာ ပံ့ပိုးကူညီမှု

မြန်မာ့ဘောလုံးလောကအတွက် သာမက
နိုင်ငံတကာဘောလုံးလောက တစ်ရပ်လုံးတွင် စပွန်ဆာ ပံ့ပိုးကူညီမှု မရှိပါက ဘောလုံးကစားနည်းမှာ လူကြိုက်များသော ကစား နည်းဖြစ် လာမည်မဟုတ်ပေ။ နိုင်ငံတကာတွင် လိဂ်ပြိုင်ပွဲများ၊ ကလပ်အသင်းများ သာမက လက်ရွေးစင် အသင်းများကပါ စပွန်ဆာ ပံ့ပိုးမှုရရှိရေး အတွက်များစွာကြိုး ပမ်းကြရသည်။ ပံ့ပိုးကူညီမှုမရှိလျင်ဘောလုံးလောကတွင် ကြာရှည်ရပ်တည်နိုင်ကြမည် မဟုတ်ပါ။ အထူးသဖြင့် ပရော်ဖက်ရှင်နယ် ဘောလုံးလောကတွင် စပွန်ဆာ ပံ့ပိုးကူညီမှု များကပို၍ အရေးပါလှသည်။ ငွေကုန်ကြေးကျ များလွန်းသော လိဂ်ပြိုင်ပွဲတစ်ခုကို စပွန်ဆာများမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မလွယ်ချေ။ အင်္ဂလန် နိုင်ငံကဲ့သို့ ချမ်းသာကြွယ်ဝသောနိုင်ငံမှ လိဂ်ပြိုင်ပွဲ နှင့် ကလပ်အသင်းများပင်လျင် စပွန်ဆာရရှိရန် အဓိကကြိုးပမ်းနေရသည်ဖြစ်ရာ  ဘောလုံးဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက်မှု ပို၍ပင် စပွန်ဆာအကူအညီ လိုအပ်နေသေးသည်။ နောက်ဆုံး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ပင် စပွန်ဆာနှင့် မလွတ်ကင်းနိုင်ပေ။

ဘောလုံးပြိုင်ပွဲတစ်ခု၏ အဆင့်အတန်းနှင့် လူစိတ်ဝင်စားမှုကိုလိုက်၍ စပွန်ဆာကြေးငွေ ကွဲပြားခြားနားသော်လည်း ယင်းမှရရှိသော အကျိုးဆက်သည် ပံ့ပိုးသည် အဖွဲ့အစည်းရော ၊ဘောလုံးလောကကိုပါများစွာ အကျိုးပြုပါသည်။ လူစိတ်ဝင်စားမှုများသော ဘောလုံးပြိုင်ပွဲကြောင့် စပွန်ဆာ၏ အမှတ်တံဆိပ် Brand ကိုလူအများ ယခင်ထက် ပိုသိရှိနိုင်သလို စားသုံးသူ အရေအတွက်လည်း ပိုမို တိုးတက်လာမည်ဖြစ်သည်။ အလားတူ ဘောလုံးလောကလည်း ဘဏ္ဍာငွေကြေး ပုံမှန်လည်ပတ်   နိုင်မည်ဖြစ်ပြီး အောင်မြင်မှုပိုမိုရရှိရန် စိတ်ချလက်ချကြိုးပမ်းနိုင်ကြမည်ဖြစ်သည်။  


Myanmar Brewery Co,Ltd

၂၀၁၂ မြန်မာနေရှင်နယ်လိဂ် MNL Myanmar 2012 ပြိုင်ပွဲ၏ အဓိကစပွန်ဆာ Myanmar Brewery Company Limited သည်  1994 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အောင်မြင်နေသော စီးပွါးရေးလုပ်ငန်းစုတစ်ခုဖြစ်သည်။  Myanmar Brewery Company Limited အနေဖြင့် မိမိစီးပွါးရေးလုပ်ငန်းမှ ရရှိသော အမြတ်အစွန်းများကို လူမှုရေးကဏ္ဍများတွင်လည်း အသုံးပြုလျက်ရှိပြီး မြန်မာ့အားကစားလောက တိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်း မှနှစ်စဉ် ပါဝင် ကူညီလျက်ရှိသည်။ ထို့အတူ မြန်မာ့ဘောလုံးလောကတွင်လည်း ယခင်ကပင် ပါဝင်ကူညီရန်စိတ်အား  ထက်သန်ခဲ့သည့်  Company လည်းဖြစ်သည်။ ကျင်းပ ပြီးစီးခဲ့သည့် ၂၀၀၉၊၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို IBTC က အဓိကစပွန်ဆာအဖြစ် ပံ့ပိုးထား၍သာ စပွန်ဆာ  ပံ့ပိုးရန်စောင့် ဆိုင်းခဲ့ ရခြင်းဖြစ်ကြောင်း  Myanmar Brewery Company Limited  ဥက္ကဋ္ဌ ဦးနေ၀င်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စပွန်ဆာ စာချုပ်ပွဲအပြီးတွင် သတင်းမီဒီယာများ ၏မေးမြန်းမှု အား ဖြေကြားသွားခဲ့သည်။

ထို့အပြင် Company အနေဖြင့်  ၂၀၁၁ တိုက်ဂါးဖူဆယ်လိဂ်ပြိုင်ပွဲကိုလည်း အဓိကစပွန်ဆာအဖြစ် ယမန်နှစ်မှ စတင်ကာ ပံ့ပိုးကူညီခဲ့သည်ကို  မြန်မာဘောလုံး ပရိသတ်များ သတိပြုမိကြမည်ဖြစ်သည်။ ယခုနှစ် MNL Myanmar 2012 ပြိုင်ပွဲအတွက် ကူညီပံ့ပိုးရာတွင်  Myanmar Brewery Company Limited သည် စိတ်ရင်းစေတနာ ပြည့်ဝစွာဖြင့် ပံ့ပိုးပေးထားပြီးဖြစ်ရာ မြန်မာ့ဘောလုံးလောက အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။

 

 

League Table Standing.

Pos Clubs Pld Pts
1 KBZ 12 24
2 Zeyar Shwe myay 12 24
3 Naypyitaw 12 24
4 Ayeyarwady 12 21
5 Yangon United 12 23
6 Magwe 12 20
7 Yadanarbon FC 12 14
8 Zawekapin United 12 13
9 Manaw Myay 12 12
10 Southern Myanmar 12 10
11 Hantharwady United 12 5
12 Rakhine United 12 3
 » View full table

MNL (2)

Pos Clubs Pld Pts
1 Chin United 9 20
2 Mawyawadi 9 16
3 U-19 9 15
4 Myawady 9 15
5 Best United 9 14
6 GFA 8 14
7 Dagon 9 10
8 Horizon 9 4
9 Michelia 9 3
 » View full table

Poll

နေပြည်တော်နဲ့ဇေယျာရွှေမြေ ဘယ်အသင်းအနိုင်ရမလဲ:

Social Responsibility

Visitors Count :
Powered By CREATIVE Web Studio