MNL Myanmar 2012 For the League For the Nation

ရာစုခေတ်တွင်တစ်ယောက်

၁၉၆၂ မြန်မ့ာမြေပေါ်တွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာသည် ဗိုလ်လုပွဲတွင် မလေးရှားကို (၂-၀)ဂိုးဖြင့်ရှုံး၏။ ထိုအခါ အာဏာပိုင် တို့က လောင်းကစား သံသယဖြင့် ဗဟာဒူး၊ တင်ကြည်၊ ကိုကိုကြီး၊ ကျော်ဇောနှင့် ကျော်အေးတို့ငါးဦးကို ရာသက်ပန် ပွဲပယ်လေသည်။ နောက်မှ အယူခံဝင်မှ ကင်းလွတ်ခဲ့သည်။

အရွယ်အားဖြင့် အသက်(၄၀)နား ရောက်နေသော်လည်း ဗဟာဒူးမှာ အောင်မြင်ကျော်ကြားသော ကစားသမားတစ်ဦးအဖြင့် တောက်ပနေဆဲ။ ၁၉၆၅ခုနှစ် မာဒေးကားတွင် မြန်မာအသင်း တတိယ ရစဉ်က ပါဝင်ခဲ့ပြီး အသင်းဖော် ခင်မောင်ထွန်းနှင့်အတူ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ အင်္ဂလန်တွင် ရှက်ဖီးဝင်းစဒေး၊ ဖူလ်ဟမ်တို့နှင့်ခြေစမ်းရာတွင် ပါဝင်ကစားခဲ့သည်။ ၁၁ ကြိမ်မြောက် မာဒေးကားတွင် ချန်ပီယံဆုရပြီး အာရှလက်ရွေးစင် အတွက် (ဂိုး)တင်အောင်၊ မောင်မောင်တို့နှင့်အတူ ရွေးချယ်ခံရပြန်သည်။ အင်္ဂလန်မှ လက်စတာ၊ ဆောက်သမ်တန် တို့နှင့်ကစားရာ အရေးနိမ့်သော် လည်း  ခြေစွမ်းပြ နိုင်ခဲ့သည်။ ယင်းနောက် အာရှအိုလံပစ် ရွှေတံဆိပ်ရ မြန်မာအသင်းမှ လူငယ်များ ဥရောပခြေစမ်းခရီးတွင် ပါဝင်သွားကြသဖြင့် ဗဟာဒူးမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးရပြန်သည်။

တစ်ဘက်တွင် ဗဟာဒူးသည် တပ်မတော်သားတစ်ယောက် တာဝန်ကိုလည်း တိုင်းပြည်အတွက် ပေးဆပ်ရပြန်သည်။ နယ်ချဲ့တရုတ်ဖြူတို့ကို တွန်းလှန်ရာ တွင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ကျည်ဆံများကြား ရုန်းကန်နေရသည်။

“ကျွန်တော်နဲ့ ရှမ်းပြည်နယ်ဂိုးသမား ဘားဗဟာဒူးတို့ဟာ တပ်စိတ်တစ်ခုတည်းပဲ။ အဲဒီတုန်းက ကျွန်တော်က အသက်ကလည်းငယ်သေးတော့ သေရမှာလည်း မကြောက်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက် အတင့်ရဲလွန်းလို့ ဗိုလ်ကြီးက ဆူတာကို မကြာခဏခံနေရတယ်” ဟု ဗဟာဒူးက သူ့စစ်ရေးအတွေ့အကြုံကို အားပါးတရပြောရာ ဇနီးဖြစ်သူ ခင်သန်းမြင့်က ထိတ်လန့်အံ့သြစွာ နားထောင်နေရှာသည်။ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတစ်စောင်မှ အားကစားသတင်းများ အားဖတ်ပြကာ ကောက်ချက်ချပြနေ သည်။“ဗဟာဒူးကမဆိုးပါလား အင်္ဂလိပ်သတင်းစာတောင် ကောင်းကောင်းဖတ်နိုင်သားပဲ”

ဗဟိုသိမ်းဆောင်၏ အာရှဘောလုံးနှင့်မြန်မာ့ကြယ်ပွင့်များစာအုပ်မှ ရာစုခေတ်တွင်တစ်ယောက်ဆောင်းပါးပါ စာသားအချို့ကိုကောက်နှုတ်ပါသည်။

နွေရက်ဖြစ်၍ နေအပူရှိန်သည် ပျံ့လွင့်လျက်ရှိသည်။ လေကလည်းအိုက်စပ်သည်ကောင်းကင်ပြင်တွင်တိမ်ကင်းစင်ပြီးထင်လင်း
တောက်ပနေသည်။ အောင်ဆန်းကစားပြိုင်ဝင်းအတွင်းရှိ ချော်မှုန့်ဆမ်းထားသော ပြေးလမ်းသည်ပူပြင်းခက်ထန်သည့်နေရောင် 
အောက်တွင် တံလျှပ် တဖိတ်ဖိတ်ကြွနေသည်။သဲသောင်ပြင်လို အပူငွေ့များဟပ်လျက်ရှိသည်။

အထူးတန်းဘက်မှ လူတစ်ယောက်ထွက်လာသည်။ အညိုရောင်အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး လက်ဝယ်တာထွက်ခုံ
တစ်ခုကိုကိုင်ဆွဲကာ မီတာ ၁၀၀ တာလွှတ်နေရာသို့ ဦးတည်လှမ်းခဲ့သည်။ရောက်တော့ တာထွက်ခုံကိုပြေးလမ်းပေါ်ချထား လိုက်
သည်။ရောက်တော့ တာထွက်ခုံကို ပြေးလမ်းပေါ်ချထားလိုက်သည်။အကြောအခြင်လျှော့ပြီး သွေးပူလေ့ကျင့်ခန်းများပြုလုပ်သည်။
ပြီးတော့ တာထွက်ခုံကို နေသားတကျပြင်ဆင်လိုက်ပြီး သုံးလေးကြိမ်မျှ စမ်းသပ်တာထွက်ကြည့်လိုက်သည်။

ပြေးလမ်းပေါ်မှ အပြေးသမားတစ်ယောက်၏ လှုပ်ရှားမှုကို အထူးတန်းပွဲကြည့်စင်ပေါ်မှ မိန်းမပျိုတစ်ယောက်က မျက်ခြေမပျက်
စူးစိုက်ကြည့်နေသည်။ မိန်းမပျိုသည် အရပ်အမောင်းကောင်းပြီး ကိုယ်ဟန်ပြေပြစ် ကျော့ရှင်းသည်။အပြေးသမားသည် တာထွက်ခုံ
ကို ကန်အားပြုပြီးအထွက်တွင် ပစ်စင်မှ တွန်းထွက်လာသော ဒုံးပျံကဲ့သို့အဟုန်ပြင်းလှသည် သူ့ခြေလှမ်းများမှာ လည်း ကွင်းလဟာပြင်
ဝယ် ခြေကုန်ပြေးနေသော ငှက်ကုလားအုပ်ကဲ့သို့ သွက်မြန်လှသည်။ တာလွှတ်ရာမှပြေးလမ်းအဆုံးအ ထိ သုံးလေးကြိမ်ပြေးပြီး
ရပ်လိုက်တော့သည်။ တာထွက်ခုံကို ပြန်နုတ်ယူပြီး လာလမ်းအတိုင်း အထူးတန်းသို့ ပြန်ဝင်သွားတော့သည်။ အထူးတန်းပေါ်မှ
ကြည့်နေသော မိန်းမပျိုလည်း လှေခါးထစ်များကို တလှမ်းချင်းလှမ်းကာ အောက်သို့ပြန်ဆင်းသွား တော့သည်။

အပြေးသမားကား အာရှလက်ရွေးစင် ဘောလုံးသမား မြန်မာ့ဘောလုံးအကျော်အမော် ဗဟာဒူးဖြစ်ပြီး မိန်းမပျိုမှာ ကြင်ဖက်ဖြစ်သော
ခင်သန်းမြင့်ဖြစ်သည်။ ထိုစဉ်က သူတို့ဇနီးမောင်နှံသည် ချစ်စ ကြင်စပျားရည်ဆမ်းပျော်မြူးချိန်ကာလဖြစ်သည်။ထိုသို့သော
ကြင်စဦးကာလတွင် ပျံ့လွင်လျက်ရှိသောအပူရှိန်ဝယ် တံလျှက်တဖိတ်ဖိတ်ကြွနေသည့်ပြေးလမ်းပေါ်တွင်အပြေးကျင့် နေသူ
ခင်ပွန်းသည်အား ဇနီးဖြစ်သူက မျက်စိအောက်အပျောက်မခံဘဲ ကြည့်ရှုနေခြင်းဖြစ်သည်။

”အခုလို အပူရှိန်ပြင်းလွန်းလှတဲ့ နေမွန်းတည့် အချိန်မျိုးမှာမှ ဘာကြောင့် အပြေးကျင့်ရတာတဲ့လဲ“

လူချင်းခင်မင်ရင်းနှီးလာခဲ့ကြသော တနေ့တွင် ကျနော်က ဗဟာဒူးကိုမေးစမ်းကြည့်မိသည်။ သူ့ဇနီး ခင်သန်းမြင့်လည်း အနီးတွင်ရှိရာ
ဗဟာဒူးသည် ဇနီးဖြစ်သူကို တလှည့်၊ကျနော်ကို တခါကြည့်ပြီး  မတောက်မပပြုံးလိုက်သည်။ခင်သန်းမြင့်ကမူ အမှတ်ထင်ထင်
သတိရမှုကို အံ့သြနေသည်။

”သဘောကတော့ ကျနော်တို့ပြေးပွဲတွေကို အခုလို အချိန်မျိုးမှ ပြုလုပ်တတ်တာမဟုတ်လား။ဒါကြောင့် အပူရှိန် လေတိုက်နှုန်းနဲ့
ကိုက်ညီပြီး ကျင့်သားရအောင် ဒီအချန်မျိုးမှာ ကျင့်ခဲ့တာပါဘဲ”

ကျနော်မှာသူ့အဖြေကို စိတ်အထာ မကျလှသော်လည်း ခိုင်းနှိုင်းချက်ကအခြေအနေနှင့်ကိုက်ညီနေ၍အတွန့်မတက်ဘဲ  နေလိုက်သည်။
သူ၏ ကျင့်စဉ်ဘဲမှန်၍လား။ခြေစွမ်းပင် ထက်၍လားမသိ။ဗဟာဒူးသည် မြန်မာ့အပြေးလမ်းကြောင်းတွင် အမြန်ဆုံး အပြေးသမားအဖြစ်
စာရင်းဝင်နေပြီး မီတာ ၁၀၀ ကို ၁၁ စက္ကန့်ရအောင် ပြေးနိုင်စွမ်းရှိနေသည်။

”နောင်တစ်ခုက သူက သူအပြေးကျင့်တာကို လူမြင်မှာ သိပ်ကြောင့်တာဘဲ။ပရိသတ်အကြားမှာ အောင်မြင်ကျော်ကြားလာတဲ့ နာမည်ကျော်
ဘောလုံးသမား တယောက်ဖြစ်ပေမဲ့ ရှက်စိတ်ကအကြီးသား။ရုပ်ရှင်ကြည့်တာတောင်ဘယ်တော့မှ ရုပ်ရှင်မပြခင် ရုံထဲဝင်မထိုင်ဘူး။ရုပ်ရှင်ပြလို့
အတော်ကြာကာမှ ရုံထဲဝင်လေ့ရှိတယ်”

ခင်သန်းမြင့်က ခင်ပွန်းသည်၏ အမူအကျင့်ကလေးများကို ဖော်လှစ်လာသည်။ဗဟာဒူးသည် ရှက်စိတ်ကြောင့်မျက်နှာ ရဲကနဲဖြစ်သွားပြီး
ဇနီးဖြစ်သူ ခင်သန်းမြင့်ကို  မျက်စိသုန်စွာ ကြည့်လိုက်သည်။ ခင်သန်းမြင့်ကတော့ ပြုံးရယ်လျက်သာရှိသည်။

”ကျနော်က နာမည်ကျော်ဘောလုံးသမား ဖြစ်ပေမဲ့ ရုပ်ရှင်ကျတော့သိပ်ဝါသနာပါတာဘဲ။ကားသစ်လဲတိုင်း ကောင်းကောင်းမကောင်းကောင်း
ကြည့်ချင်လိုက်တာ ။ဒီတုန်းက ကျနော်က တပ်ြကပ်ကြီးအဆင့်မှာဘဲ ရှိသေးတယ်။ကျနော်လခနဲ့ အထူးတန်းမှာချည်း အမြဲဘယ်ကြည့်နိုင်ပါမလဲ။
ဒီတော့တစ်ကျပ်ခွဲတန်းကဘဲကြည့်ရတယ်လေ။ ကျနော်ရုံထဲ ၀င်သွားရင် လူတွေက  ကျနော့်ကို ၀ိုင်းပြီးကြည့်ကြတယ်။ နာမည်ကျော်လက်ရွေးစင်
ဘောလုံးသမားကြီးဖြစ်ရက်နဲ့ ဒီအတန်မှာ လာကြည့်ရသလား ဆိုတဲ့ သဘောနဲ့ပေါ့။ဒါကြောင့် လူအမြင်မခံရအောင် မှောင်ချပြီး ရုပ်ရှင်ပြနေ
ချိန်ရောက်တော့မှ အမှောင်ရိပ်ခိုလို့ ရုံထဲဝင်ခဲ့တာချည်းဘဲ”

ဗဟာဒူး ၏ စကားဆုံးအတွင် ကျနော်ရော ခင်သန်းမြင့်ပါ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ပစ်လိုက်ကြတော့သည်။အမှန်မှာ ထိုခောတ်က ဘောလုံးသမား
များကို စက်ရုပ်သဘွယ် စေခိုင်းခြင်းမှလွဲ ပြီး လူနေမှုဘ၀ အထောက်အကူနှင့် အာမခံချက်ပေးစွမ်းကြခြင်းမရှိ။ဘောလုံးသမားများကလည်း
အသိတရားမရှိကြဘဲ ၀တ်ကြေတန်းကြေသာ ကစားကြမည်မဟုတ်လား။

တနေ့တွင်ကျနော်သည် ဘောလုံးအဖွဲ့ချုပ်ရုံးခန်းအတွင်းဝင်ရောက်သွားသည်။ ခင်သန်းမြင့်၏ လက်နှိပ်စက်သံသည် အဆက်မပြတ်ထွက်ပေါ်နေ
သည်။ ဗဟာဒူးအား ခင်သန်းမြင့်၏အနီးတွင် အင်္ဂလိပ်သတင်းစာတစောင်ကို ထိုင်ဖတ်နေသည်။ကျနော့် မျက်လုံးအစုံသည် မမြှော်လင့်သော
မြင်ကွင်းကြောင့် ၀ိုင်းပြူးသွားတော့သည်။

ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတွင်ပါရှိသော အားကစားသတင်းများကို ဖတ်ပြပြီး ကောက်ချက်ချနေသည်။
”ဗဟာဒူးက မဆိုးပါဘဲလား။ အင်္ဂလိပ် သတင်းစာတောင်ကောင်းကောင်း ဖတ်နိုင်သားဘဲ”

ကြိုးစားလေ့လာမှုပြုရင်းက တဆင့်ထက်တဆင့် တိုးတက်လာခဲ့ရတာပါ။သူက တန်းကုန်အောင်မသင်ခဲ့ရပေမဲ့ မဖြစ်မနေပြင်းပြတဲ့ဆန္ဒကြောင့်လဲ
တကြောင်း၊ ကျမရဲ့အထောက်အကူလေးတွေကြောင့်လဲ တကြောင်းလို့ ဆိုပါတော့လေ”

ဗဟာဒူးက ခင်သန်းမြင့်၏ စကားအဆုံးတွင် မလှုပ်တလှုပ်ရယ်မောလိုက်သည်။အစက အထင်သေးပြီး မျက်လုံးဝိုင်းပြူးခဲ့ရမှုတို့သည်
အကြောင်းအကျိုးမှန်ကို သိရပြီးချိန်ဝယ် ပျက်ပြယ်ကင်းစင်သွားခဲ့ရတော့သည်။ သူ၏ကြိုးစားမှုကို ဖွင့်ထုတ်မချီးပလိုက်မိသော်လည်း
စိတ်ထဲကတော့ကျိတ်၍ ချီးကျူးလိုက်မိသည်။

အမှန်တော့ ဗဟာဒူး၏ ဘ၀အစိတ်အပိုင်းများကို ကျနော်သိရှိထားရသမျှဆိုလျှင် သူသည် ဖတဆိုးလေးဖြစ်ခဲ့ရသည်။သူ၏ ဖခင်
အမ်၊အက်စ်၊သာပါးသည် နာမကျန်းဖြစ်ကာ ဗဟာဒူး ရှစ်နှစ်သားအရွယ်တွင် သူတို့မိသားစုကို မျက်ကွယ်ပြုသွားသော အခါ ဗဟာဒူး တို့တတွေမှာ
မုဆိုးမ မိခင်နှင့်အတူ မျက်နှာငယ်နှင့် ကျန်ရစ်ခဲ့ကြသည်။ဒုတိယ ကမ္ဘာစစ်မီးရှိန်နှင့် ပြည်တွင်းစစ်မီးရှိန်များကြောင့် ဗဟာဒူးမှာ တန်ကုန်အောင်
ပညာမသင်ကြားခဲ့ရရှာဘဲရှိသည်။သို့ဖြစ်ရာ ကြိုးစားမှုကို အရင်းတည်ပြီး ဇနီး ဖြစ်သူထံတွင် အချိန်ပိုကျောင်းတက်ကာ ခေတ်ကို အပြေးအလွှား
လိုက်ခဲ့ရရှာသည်သကား။

                    (၂)

မြန်မာ့ဘောလုံးလောက သွေးသစ်လောင်းရေးအတွက် ၁၉၅၂ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီးနယ်အသီးသီးမှ မီးခဲပြာဖုံး
လူငယ်ခြေတက် ဘောလုံးသမားများကို ဖော်ဆောင်ပေးခဲ့သည်။ ပထမအကြိမ် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင်မြန်မာ့လက်ရွေးစင်ဘောလုံး
အသင်းအတွက် ထူးချွန်ထက်မြက်သော အစွန်လူနှစ်ဦးပေါ်ထွက်လာခဲ့သည်။သူတို့နှစ်ဦးမှာ ရှမ်းပြည်နယ်အသင်းမှ ညာအစွန်လူ ဗဟာဒူးနှင့်
စစ်ကိုင်းတိုင်းအသင်းမှဘယ်အစွန်လူ ထူးဝါးတို့ပင်ဖြစ်သည်။နှစ်ဦးစလုံး တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအပြီးတွင် ရန်ကုန်တွင်ကျန်ရစ်ကာ
ပထမတန်းအသင်းများတွင် ဆက်လက်ကစားရသည်။

ရှမ်းပြည်နယ်အသင်း နောက်ဆုံးဗိုလ်ပွဲသို့ တက်ရောက်ခွင့်ရအောင် ဗဟာဒူးသည် ပွဲစဉ်တလျှောက်လုံး ခြေစွမ်းပြခဲ့သည်။ထက်မြက်သော
တိုက်စစ်မှူးတစ်ဦး ဖြစ်သည်သာမက အသင်းအောင်နိုင်ရေးအတွက် ဂိုးများသွင်းပေးခဲ့သူဖြစ်သည်။ ကိုယ်တိုင် ၃ ဂိုးသွင်းပေးခဲ့ပြီး အခြားသူများ
ဂိုးသွင်းနိုင်ခွင့်ရရန်လည်း အကွက်ဖော်ပေးခဲ့သည်။ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအသင်းတို့နောက်ဆုံးဗိုလ်လုပွဲကစားပုံကို မြန်မာ့အသံက
အောင်ဆန်းကွင်းမှတိုက်ရိုက်အသံလွှင့်ပေးခဲ့သဖြင့် ဗဟာဒူး၏အမည်မှာလေလှိုင်းဝယ် ပျံ့လွင့်ခဲ့ရသည်။

ဒိုင်းကြီးကို ရှမ်းမြေမြင့်သို့ အပါသယ်ဆောင်သွားနိုင်ခြင်းမှာ ဗဟာဒူး၏ စွမ်းဆောင်မှုကြောင့်ဆိုလျင်မမှား။ ရှမ်းနှင့်စစ်ကိုင်းသည် ပထမအကြိမ်
၁ ဂိုးစီသရေကျသည်။ ဒုတိယအကြိမ်  ပြန်ကစားသောအခါ ရှမ်းက (၃-၂) ဂိုးဖြင့် စစ်ကိုင်းကို အနိုင်ရသွားသည်။ ရှမ်းရသည့် ၃ ဂိုးစလုံးမှာ
ဗဟာဒူး၏ ထက်မြက်သောခြေစွမ်းကြောင့်ပင်ဖြစ်သည်။ ပထမအကြိမ် တိုင်းနှင့်ပြည်နယ်ပွဲအပြီးတွင် ဗဟာဒူးကား ညာအစွန်လူအဖြစ်
အောင်မြင်ကျော်ကြားလာတော့သည်။တပ်မတော်သားတစ်ဦးဖြစ်၍ တပ်မတော်ကြည်းအသင်းတွင် ပါဝင်ကစားရန် ခေါ်ယူခြင်းခံရသည်။

" ကျွန်တော် ဘောလုံးကစားတာကို ရှမ်းစော်ဘွားအမျိုးအနွယ်တွေက သိပ်ကြိုက်တာပဲ။ သူတို့နဲ့ယှဉ်တွဲပြီး ကစားပြီးတဲ့နောက်ပိုင်းမှာ ရှမ်းပြည်နယ်
လက်ရွေးစင်အဖြစ် မျက်စေ့ကျပြီး ရွေးခဲ့တာပါပဲ။ ကျွန်တော်မေမြို့သွားပြီး တပ်ရင်းအလိုက် ပြိုင်ပွဲကစားရာက ဗိုလ်ချုပ်ကြီးတွေ့လို့ သဘောကျသွားတယ်။
တပ်မတော်အသင်းအတွက်ခေါ်သုံးဖို့ အမိန့်ပေးသွားတယ်လို့ သိရတယ်။ရှမ်းပြည်နယ်အသင်းနဲ့ ပါလာပြီး ခြေစွမ်းပြကစားနိုင်တော့ ဆိုင်ရာက
ပိုသဘောကျကြတယ်။ ဒါနဲ့ပဲ တပ်မတော်အသင်းမှာကစားဖို့ တခါတည်းခေါ်ထားလိုက်တော့တယ်။"

အောင်မြင်သော ဘောလုံးသမားဘ၀ စတင်လာပုံကိုပြောပြရာ အဟောင်းပုံပြင်သဖွယ် အကြောင်းကုန်စင်ဖြစ်သော်လည်း ထွက်ပြူခဲ့သော
သူ့ဘ၀မှတ်တမ်းများဝယ်ပါဝင်ခြင်းမရှိသေးသဖြင့် စိတ်တွင်တေးမှတ်ထားလိုက်သည်။ တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် တောက်ပခွင့်
ရခဲ့သော ဗဟာဒူးသည်တပ်မတော်အသင်းသို့ ကူးပြောင်းရောက်ရှိလာသည့်အခါ လှမောင်၊ဘကြူး၊ မောင်သောင်း၊လှအေး၊ဂွမ်ရှိန်၊ဘရွှေ၊ဒေးဗစ်ကျော်ဇံ
တို့နှင့်တွဲ၍ ကစားရရာပိုတောက်ပြောင်လာခဲ့ပြီး ခေတ်မီဘောလုံးကစားနည်းကို ဂွင်ကျအောင် ကစားတတ်လာသည်။

မြန်မာပြည်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ်ရွေးချယ်ခံရသည်။
ပထမပွဲအဖြစ် သီရိလင်္ကာနှင့်ကစားရရာ ဗဟာဒူးသည် ညာတောင်ပံအစွန်လူအဖြစ် ဘောလုံးသမ္ဘာရင့်ထွန်းရှိန်နှင့် တွဲကစားရသည်။ မြန်မာရသော
၃ ဂိုးအနက် ၂ ဂိုးမှာ ဗဟာဒူးညာတောင်ပံမှတိုက်စစ်ဆင်ဖန်တီးပေးမှုကြောင့်ဖြစ်သည်။ထိုတစ်ပွဲတည်းနှင့် ဗဟာဒူးမှာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင်
စာမေးပွဲအောင်သွားတော့သည်။ ၁၉၅၄ ခုနှစ် ဒုတိယအကြိမ်အာရှအိုလံပစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ရှုံးပွဲမရှိဘဲ တတိယ ရရှိခဲ့သည်။
မြန်မာ့ဘောလုံးသမိုင်းတွင် ထင်ရှားသော အောင်မြင်မှုမှတ်တိုင်ကို ဗဟာဒူးပါဝင်ပြီး စိုက်ထူနိုင်ခဲ့သည်။

ထိုနှစ်တွင်ပင် အမှတ်ပေးပွဲကစားရင်း ရဲအသင်းနောက်တန်းမှ ထွန်းဖေနှင့်ထိခိုက်မိပြီး ခြေကျိုးသွားခဲ့ရသည်။ ဘောလုံးကစားမှုနှင့် ကင်းကွာနေရချိန်မှာမှ
ဘ၀ခရီးကိုအတူတွဲလျှောက်ရန် ကြင်ဖက်ကို တွေ့ရှိခဲ့ရသည်။ တပ်မတော်မှတ်တမ်းရုံးတွင် အရပ်သူစာရေး အဖြစ်အမှုထမ်းနေသည့် ရွှေမြိုင်သူ
ခင်သန်းမြင့်နှင့် သံယောဇဉ် အမျှင်တန်းခဲ့ကြသည်။

                    (၃)

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်းသည် အောင်မြင်မှုမရဘဲ အရှုံးရေစီးကြောင်းတွင်မျောပါနေခဲ့သည်။ မြန်မာသည်
လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ လျော့ကျသွားခဲ့သည်။ ခြေကျိုးသွားသော ဗဟာဒူးသည် ၁၉၅၅ခုနှစ် နှစ်လယ်ပိုင်းသို့ 
ရောက်မှ ဘောလုံးပြန်ကစားနိုင်လာသည်။ လေးနိုင်ငံဘောလုံးပြိုင်ပွဲ၏ ဇာတ်သိမ်းဖြစ်သော စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲတွင် ဗဟာဒူးသည် ဘောလုံး
လောကသို့တစ်ကျော့ပြန်ဝင်ရောက်လာပြီး ခြေစွမ်းပြကစားခဲ့သည်။ ပြိုင်ပွဲအစအဆုံး တစ်ဦးတည်း (၄)ဂိုးသွင်းကာ မြန်မာအသင်း၏ ဂိုးသွင်းဘုရင်
ဖြစ်လာခဲ့သည်။ဗဟာဒူး၏တွဲဖက်မှာ သူနှင့်အတူ တိုင်းဘောလုံးသမားဘ၀မှ လက်ရွေးစင်ဖြစ်လာသူ ထူးဝါးပင်ဖြစ်သည်။ အိန္ဒိယအသင်းမှ ပူရန်ဗဟာဒူး
နှင့်အတူထင်ပေါ်ကျော်ကြားလာခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ် ဗဟာဒူးသည် အတွင်းလူအမျိုးမျိုး၊အလယ်လူအဖုံဖုံတို့နှင့် တွဲဖက်ကစားဖူးခဲ့သည်။ထွန်းရှိန်၊ဆင်မြူရယ်
၊အောင်ရှိန်၊ စတီးဝပ်၊ဒေးဗစ်၊ကျော်ဇံ၊ထူးဝါး၊စတိုင်တို့မှာ သူနှင့်တွဲဖက်ကစားရသော ညာအတွင်းလူများ ဖြစ်ကြသည်။ အလယ်လူများမှာ ဆင်မြူရယ်၊ဘရွှေ၊ဒေးဗစ်ကျော်ဇံ၊ဘကြူး၊အောင်မြင့်၊ဖေခင်၊ကိုကိုကြီး၊ထွန်းကြည်တို့ဖြစ်ကြသည်။စတိုင်မှာ ဗဟာဒူးနှင့်အများဆုံး
သက်တမ်းအရှည်ကြာဆုံးတွဲဖက်ကစားရသော အတွင်းလူတစ်ဦးဖြစ်သည်။အတွဲညီလှသည်။စတိုင်နှင့်ဗဟာဒူးမှာ လက်ရွေးစင်အသင်းတွင်
သာမဟုတ်၊ တပ်မတော်အသင်းနှင့်တပ်ပေါင်းစုအသင်းများတွင်လည်း တွဲဖက်ကစားခဲ့ရသည်။ ဗဟာဒူးကား မြန်မာ့လက်ရွေးစင်ဘောလုံးသမား
တစ်ဦးအဖြစ် သက်တမ်း(၁၄)နှစ်ရှိနေပေပြီအကောင်း ဆုံးဘောလုံးသမားအဖြစ် ၂ ကြိမ်သတ်မှတ်ခံရပြန်ကာ အမြင့်ဆုံးဆုကလပ်ကိုလည်း
၁၉၆၆ ခုနှစ်အတွရရှိခဲ့သည်။

ဘ၀ကြမ္မာစေစားသဖြင့် ဗဟာဒူးတစ်ယောက် အကောင်းနှင့်ကြုံတွေ့ပြီးအောင်မြင်ခဲ့သလို အဆိုးနှင့်ဆုံ၍ သံသယဒွိဟ၀င်ခံရမှုများလည်း ရှိခဲ့ပေသည်။
လောက၏ နိယာမဓမ္မတာဝယ် အကောင်းနှင့်အဆိုးသည်လွဲရှောင်မရသော တရားများပင်မဟုတ်ပါလား။ ၁၉၆၂ ခုနှစ် မြန်မာ့မြေပေါ်တွင် ဒုတိယအကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲကျင်းပရာ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲမှ လွန်မြောက်ပြီး နောက်ဆုံးဗိုလ်လုပွဲ
ရောက်အောင်ထိရောက်သော ကဏ္ဍမှပါဝင် စွမ်းဆောင်ခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် နိုင်သင့်နိုင်ထိုက်သော မလေးရှားအသင်းကို မြန်မာက ၂-ဝ
ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။သို့ဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက သွေးရိုးသားရိုးမဟုတ်ဘဲ လောင်းကစားမှု လောင်းရိပ်လွမ်းမိုးမှုကြောင့်ဟုဆိုကာ ဗဟာဒူး၊
တင်ကြည်၊ကိုကိုကြီး၊ကျော်ဇောနှင့်ကျော်အေးတို့ ၅ ယောက်ကို မြန်မာ့ဘောလုံးလောကမှ ရာသက်ပန်ပယ်ခဲ့လေသည်။ နောက်မှ အယူခံဝင်၍
အပယ်ခံဘ၀မှ ကင်းလွတ်ခဲ့ရသည်။

 

League Table Standing.

Pos Clubs Pld Pts
1 KBZ 12 24
2 Zeyar Shwe myay 12 24
3 Naypyitaw 12 24
4 Ayeyarwady 12 21
5 Yangon United 12 23
6 Magwe 12 20
7 Yadanarbon FC 12 14
8 Zawekapin United 12 13
9 Manaw Myay 12 12
10 Southern Myanmar 12 10
11 Hantharwady United 12 5
12 Rakhine United 12 3
 » View full table

MNL (2)

Pos Clubs Pld Pts
1 Chin United 9 20
2 Mawyawadi 9 16
3 U-19 9 15
4 Myawady 9 15
5 Best United 9 14
6 GFA 8 14
7 Dagon 9 10
8 Horizon 9 4
9 Michelia 9 3
 » View full table

Poll

နေပြည်တော်နဲ့ဇေယျာရွှေမြေ ဘယ်အသင်းအနိုင်ရမလဲ:

Social Responsibility

Visitors Count :
Powered By CREATIVE Web Studio